ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပေါက်ခေါင်း မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ငါးဘတ်ကုန်းကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက်မတည် ရန်ပုံငွေကျပ်သိန်း ၁၀၀ ၏ အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးဘတ်ကုန်းကျေးရွာသို့ မြစိမ်းရောင်အရင်းမပျောက်မတည် ရန်ပုံငွေကျပ်သိန်း ၁၀၀ ကို ၂၀၁၆ ခုနှစ်က ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အဆိုပါမြစိမ်းရောင်ရန်ပုံငွေ၏ အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းလမ်းအရှည် ၃၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကျေးရွာတွင်း ကျောက်ရောမြေနီလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် လမ်းအရည်အသွေးပြည့်မီ ကောင်းမွန်ခြင်းရှိ/မရှိ အခြေအနေများကို ပေါက်ခေါင်းမြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ထူးအိချယ်နှင့်အဖွဲ့များက ကျေးရွာတာဝန်ခံများနှင့်အတူ ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)