မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရူပဗေဒဘာသာရပ် စိတ်အေးချမ်းသာစွာဖြေဆို

မိုးညှင်း မတ် ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော စာစစ်ဌာန (၃) ခုရှိ၍ အထက-၁(မိုးညှင်း)တွင် ကျောင်သားကျောင်းသူ (၄၆၂) ဦး၊ အ.ထ.က(မြသီတာ)တွင် ကျောင်းသားကျောင်းသူ (၁၈၉) ဦးနှင့် အ.ထ.က(အင်းတော်ကြီး)တွင် ကျောင်းသားကျောင်းသူ (၁၀၆) ဦး ဖြေဆိုသူ ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၅၇) ဦး၊ ပျက်ကွက်သူ (၅၇) ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဖြေဆိုကြရာတွင် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း