ချီဖွေ မတ် ၁၄
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး) ကျေးရွာစီမံကိန်းလုပ်ငန်းများ အတွက် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဥက္ကပ်ရပ်ကွက်ရှိ အခြေခံ မူလတန်းကျောင်း၌ တောင်သူများ လယ်ဝယ်အရောက် လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်တို့က စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက် ရှိသော ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးက ချေးငွေများနှင့် ပတ်သက်၍ စံသတ်မှတ်ချက်များနှင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသုံးစွဲသွားရန် လိုအပ်ကြောင်း အသေးစိတ်ထပ်မံ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သော ဥက္ကပ်ရပ်ကွက်ရှိ တောင်သူ (၃၈) ဦးအတွက် ငွေကျပ်သိန်း (၄၀၀)အား တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယော်ကိ(ပြန်/ဆက်)