သတင်းများ

တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင်‌ ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ (၁၁၉၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းသပိတ်‌လောင်းလှူပွဲ ကျင်းပ
Mar 14,2023
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော (၁၁၉၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယ(တပေါင်း) ပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက‌ ရွှေအင်းတောင်စေတီမြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
Mar 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်ပူးပေါင်းကာကွယ်အသိပညာပေး Talk Show ကျင်းပ
Mar 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လျော့နည်းကျဆင်းရေးဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးသည် လွန်စွာအရေးကြီးသည်ဖြစ်ရာ မျိုးဆက်သစ်လူငယ်လူရွယ်များ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်ပူးပေါင်းကာကွယ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၉:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီ စိန်ဖူးတော်နှင့် ရွှေထီးတော်တင် မင်္ဂလာ ကျင်းပ
Mar 14,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေဘုန်းပွင့်စေတီ အသစ်တစ်ဖန် ပြန်လည်ပြုပြင်၍ စိန်ဖူးတော်နှင့် ရွှေထီးတော်အသစ် တင်မင်္ဂလာပြုလုပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက် ဘုရားပုရဝုဏ်အတွင်း၌ ကျင်းပကြောင်း သိရသည်။
မြိတ်ခရိုင်၏ အိမ်ထောင်စုလူဦးရေစာရင်းများအား eID Main Server အတွင်းသို့ ပြင်ဆင်/ဖြည့်စွက် ထည့်သွင်းဆောင်ရွက်မှု(၈၅.၈၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်
Mar 13,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ လူဦးရေစာရင်းများကို လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းဖြင့် ကောက်ယူရရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းများကို  eID Main Server အတွင်းသို့  Software ရေးသွင်း ဆောင်ရွက်လျက်ရှိရာ ပြင်ဆင်/ဖြည့်စွက် ထည့်သွင်းဆောင်ရွက်မှု(၈၅.၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မောင်တောခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေး
Mar 13,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အတူ ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့၊ သီရိမင်္ဂလာခန်းမ၌ မောင်တောမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး မောင်တောမြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ မြန်မာသက္ကရဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။