သတင်းများ

မြင်းခြံမြို့တွင် နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းပြုလုပ်
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပြည်ထောင်စုအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အရ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ကျဆုံးနှင့် ထိခိုက် ဒဏ်ရာရရှိသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို  ယနေ့ နံနက် (၁၀) နာရီက မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဘားအံခရိုင် Community Centre ခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် နွေရာသီတွင်ဖြစ်တတ်သော ရောဂါငယ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Mar 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် နွေရာသီတွင်ဖြစ်တတ်သော ရောဂါငယ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့မွန်းလွဲ(၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည် ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၃ ရက်၊ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဧည့်ရိပ်သာ ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
စပါးဝယ်ယူရေးပံ့ပိုးငွေ ကျပ်သိန်း (၇၀၀)ဖြင့် ဆောင်ရွက်နေသည့် စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရေးလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သမဝါယမကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးဝယ်ယူရေးပံ့ပိုးချေးငွေ ကျပ်သိန်း(၇၀၀)ဖြင့် မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရေးလုပ်ငန်းအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်လျက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရမ်းဗြဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမဦးစီးဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရမ်းဗြဲမြို့၊ ရမ္မာဝတီခန်း၌ကျင်းပကြရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
လှည်းကူးမြို့နယ်၊ အနောက်ကြာအင်းကျေးရွာအုပ်စုတွင် တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အောင်ဆန်းဆေးရုံကြီးမှ ဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင် ပြည်သူများအား ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်၊ ကြာအင်းအနောက်ကျေးရွာအုပ်စု၊ အရှေ့ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အသင်းဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဟိုပန်မြို့ပေါ်ရပ်ကွက်များမှ လူငယ်များ တက်ရောက်ခဲ့ကြသည်။
တိုက်ကြီးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်လှစ်
Mar 23,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်လမ်းညွှန်မှာကြားချက်အရ (အသား/ ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှ ဝင်ငွေများစွာရရှိနိုင်ရန်၊ ငါးမွေးသူနှင့် ငါးမွေးလိုသူများအား နည်းပညာအကူအညီပေးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာ အခြေခံပညာအထက်‌တန်းကျောင်းခွဲတွင် ယမန်နေ့နံနက် ၉ နာရီက ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို ဖွင့်လှစ်ကြောင်းသိရသည်။