သတင်းများ

ဝါးခယ်မမြို့နယ်၌ အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား COVID-19 Second Booster ထိုးနှံပေး
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား COVID-19 Second Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့ မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ
Mar 23,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဗန်းမော်မူလတန်းကြိုကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲ ကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအသင်း (Women Club) ဆွေးနွေးပွဲကျင်းပ
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသည့် အမျိုးသမီးအသင်း(Women Club) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ​ ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့၌ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်
Mar 23,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း ‘ဝ’ ကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌
ဝေါမြို့နယ်တွင် Mobile Library ဆောင်ရွက်ပေး
Mar 23,2023
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
မိုးနဲမြို့နယ်၌ နံနံပင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စု ပန်လော့ကျေးရွာ၌ နံနံပင်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း တောင်သူဒေါ်ခမ်းအောင်ထံမှ သိရသည်။