ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည် ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ညောင်ဦး  မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၃ ရက်၊ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဧည့်ရိပ်သာ ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ကအဖွင့် အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန၊ ဦးသိန်းဝင်းဇော်(ဦးစီးအ ရာရှိ)က ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

ပြီးနောက် သစ်တောတည်ထောင်စိုက်ပျိုးခဲ့သည့် ညောင်ဦးမြို့နယ် လက်ပံတဲကျေးရွာနေ ဦးအောင်သိုက်နှင့် (၁၂)ဦးပါအဖွဲ့အား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(၆၀)ဧက တည်ထောင်ခွင့်လက်မှတ်များအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာန ဦးသိန်းဝင်းဇော်(ဦးစီးအရာရှိ)တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ JIFPRO အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော လက်ထုပ်ကျေးရွာ၊ ခက်လန်းကန်ကျေးရွာ၊ လက်ပံတဲကျေးရွာတို့တွင် ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တော (၈၀)ဧကရှိကြောင်းသိရသည်။

ဒီပါလင်း