မြင်းခြံ မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပြည်ထောင်စုအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အရ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ကျဆုံးနှင့် ထိခိုက် ဒဏ်ရာရရှိသည့် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် သေဆုံး/ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့သော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအား ချီးမြှင့်ပေးခဲ့သည်။
အကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အုပ်ချုပ်ရေးမှူး (၄) ဦး၊ ရာအိမ်မှူး (၆) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁) သိန်း၊ သေဆုံး/ကျဆုံးသည့် အုပ်ချုပ် ရေးမှူး (၃) ဦး၊ ရာအိမ်မှူး (၂)တို့အား တစ်ဦးလျှင် (၅) သိန်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ချီးမြှင့်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည် အုပ်ချုပ်ရေးမှူးများ၊ သေဆုံး/ ကျဆုံးခဲ့သော အုပ်ချုပ်ရေးမှူးများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)