သတင်းများ

၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ အထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်း
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမိသားစု၏  ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ အထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေး ထောက်ပံ့ငွေများ ထောက်ပံ့
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ထန်ပင်မှော်ကျေးရွာအုပ်စု၊ ဘွေ့မှော်ရွာတွင် လေဘေးသင့်အိမ်ထောင်စုတစ်စုအား ယမန်နေ့က ကယ်ဆယ်ရေးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ် ဓမ္မာစရိယစာမေးပွဲဖြေဆိုမှု လာရောက်ကြည်ညိုပူဇော်
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမတို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ စာဖြေဌာနဖွင့်လှစ်ပြီး၊ ဓမ္မာစရိယစာမေးပွဲ (ပါရာဇိကကဏ္ဍပါဠိအထကထာကျမ်း-၂) ဖြေဆိုနေကြသည့် ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်ကြီးများကို ယမန်နေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
သန်လျင်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ  သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂း၀၀ နာရီအချိန်က မြို့နယ်ထွေ/အုပ်ရုံးသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ
Mar 23,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
လှည်းကူးမြို့နယ်၊ Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများစာပေများဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း၏ နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
ကော့မှူးတွင် စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ လှုဒါန်းသည့်စာအုပ်‌စာ‌ စောင်များကို ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့် တိုက်(၂)တိုက်အား စာအုပ်စာစောင်များ ထပ်ဆင့်လှူ ဒါန်းပွဲနှင့်စာကြည့်တိုက်ဆိုင်ရာ‌ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။