သတင်းများ

သိန္နီမြို့၌  စာပေဗဟုသုတကြွယ်ဝစေရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေကိုချစ်မြတ်နိုးသော စာဖတ်ပရိသတ်များ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များကို စာဖတ်ပရိသတ်များထံသို့ သွားရောက်၍ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပထမအကြိမ်ဆွေးနွေး
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
မော်လိုက်မြို့၌   ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပွဲ အခမ်းအနားကျင်းပ
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌  မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ပျူတာ၊ ကိုးရီယားနှင့် အင်္ဂလိပ်စာသင်တန်းများ အခမဲ့သင်ကြားပေး
Mar 23,2023
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ ဗဟုသုတပြည့်စုံပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၊ ကွန်ပျူတာခန်းမတို့တွင် ကွန်ပျူတာအခြေခံသင်တန်း၊ ကိုးရီးယား ဘာသာစကားနှင့် အင်္ဂလိပ်စာ 4Skills သင်တန်းများကို မတ်လလဆန်းပိုင်းမှစ၍ အခမဲ့သင်ကြားပေးလျက်ရှိသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်း စာပေနှီးနှောဖလှယ်တတ် စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။
မူဆယ်ခရိုင် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ
Mar 23,2023
နွေရာသီ အစိုးရကျောင်းပိတ်ရက်တွင် သင်ကြားမှုစနစ်များနှင် ဘာသာရပ်အလိုက် သင်ကြားမှု စွမ်းရည်များ တိုးတက်မြင့်မားရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်အဆင့် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ဆရာမများကို ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ပြန်လည်ထောက်ပံ့
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယာယီနေရပ်စွန့်ခွာပြည်သူများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်လည်ထောက်ပံ့သည်။
တပ်ကုန်းမြို့၌ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁)ကျမ်းရင်းအား ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၁၁၁)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်ဖြေဆို
Mar 23,2023
၂၀၂၃ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲကို  ဦးဆောင်ကျင်းပလျက်ရှိရာ  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမ စာစစ်ဌာနနှစ်ခုတွင်  အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁)ကျမ်းရင်း ဖြေဆိုတော်မူခဲ့သည်။