သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးမှု ရာနှုန်းပြည့်အမြန်ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နွေစပါးလျာထားစိုက်ပျိုးဧက (၁၁၄၁၂)ဧက စိုက်ပျိုးရန်ဆောင်ရွက်ထားရှိရာ တောင်သူများ၏ လယ်မြေများတွင်သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အမြန်စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကြက်သွန်နီများအထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်သွန်နီပွဲရုံများသို့ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီကုန်ဝင်များလျက်ရှိပြီး စျေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်ရုံး၌ စာဖတ်ဝိုင်းကျင်းပ
Mar 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်မျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့တွင် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်ပိုင်းက ပရိယတ္တိပျိုးခင်းဆရာတော်များဦးစီး၍ အင်္ဂပူမြို့နယ်အသင်း (ရန်ကုန်/ဌာနေ)နှင့် မြို့မိ၊ မြို့ဖများ ပူး‌ပေါင်းဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ
Mar 23,2023
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ချင်းပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက် အမှာစကား ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာဖိုရမ် မြိတ်မြို့တွင် ကျင်းပ
Mar 23,2023
(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ မြိတ်ခရိုင်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမတွင် မတ်လ(၂၃)ရက်မှ (၂၅)ရက်အထိ ကျင်းပလျက်ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများမှ ဦးဆောင်ဆွေးနွေးလျက်ရှိကြသည်။
မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ် ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။