သတင်းများ

ကန့်ဘလူမြို့၌ ခရိုင်အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ဆက်လက်သင်ကြားလျက်ရှိ
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ တတိယနေ့အဖြစ် (မတ် ၂၃) ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရေးနှင့် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာဖိုရမ် မြိတ်မြို့တွင် ကျင်းပ
Mar 23,2023
(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ မြိတ်ခရိုင်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမတွင် မတ်လ(၂၃)ရက်မှ (၂၅)ရက်အထိ ကျင်းပလျက်ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများမှ ဦးဆောင်ဆွေးနွေးလျက်ရှိကြသည်။
စုကလိမြို့တွင် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Mar 23,2023
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုပုံစံအမျိုးမျိုးအကြောင်း၊ အကြမ်းဖက်ခံရမှုဆိုသည်မှာဘာလဲ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက ရင်ဆိုင်နိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့ပြည်သူ့စာကြည့်တိုက် Community center တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရေးနှင့် အမှိုက်စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေးတို့ အတွက် အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့ မြန်မာ့မီးရထား ဘူတာရုံတွင် ပြုလုပ်ခဲ့သည်။
မချမ်းဘော့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Mar 23,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
တောင်ကုတ်မြို့၌ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဒုတိယနေ့အဖြစ်ဆက်လက်ပို့ချ
Mar 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ၂၀၂၃ ခုနှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းအား အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီ၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထုတ်ဝေသည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လပွတ္တာမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။