သတင်းများ

ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်သင်ကြား
Mar 23,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ၂၂.၃.၂၀၂၃ ရက်နေ့မှ ၂၅.၃.၂၀၂၃ ရက်နေ့အထိနံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ
Mar 23,2023
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပညာရေးအနေဖြင့် ပညာထူးချွန်သော  အကျင့်စာရိတ္တကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်၊ ထိရောက်သောနည်းလမ်းမျိုးစုံဖြင့် သင်ယူသူများကိုယ်တိုင် သင်ယူမှုဖြစ်ထွန်းစေရန်၊ အပြုသဘောဆောင်သော ဆရာ၊ ကျောင်းသား ဆက်ဆံရေးဖြင့် ပံ့ပိုးဖော်ဆောင်ပေးသည့် သင်ကြား၊ သင်ယူမှုပုံစံများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး ဆရာ၊ ဆရာမများ စွမ်းရည်တိုးတက်မြင့်မားလာစေရန်အတွက် နှစ်စဉ် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 
ကြို့ပင်ကောက်မြို့နယ်၊ ဘုကြီးကျေးရွာယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွင် နံရံကပ်စာစာင်များပြသ၍ အသိပညာပေးဟောပြာ
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၊ ဘုကြီး‌ကျေးရွာ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွင် နံရံကပ်စာစာင်များပြသခြင်းနှင့် အသိပညာပေး ဟောပြာပွဲဆောင်ရွက်ခြင်းကို ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာဖိုရမ် မြိတ်မြို့တွင် ကျင်းပ
Mar 23,2023
(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ မြိတ်ခရိုင်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမတွင် မတ်လ(၂၃)ရက်မှ (၂၅)ရက်အထိ ကျင်းပလျက်ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများမှ ဦးဆောင်ဆွေးနွေးလျက်ရှိကြသည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စုပေါင်းရုံးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းဖွင့်ပွဲကျင်းပ
Mar 23,2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းရုံးလမ်း ကတ္တရာထပ်ပိုးလွှာလမ်းခင်းခြင်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်းတွင် ကျင်းပရာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစံထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများ တက်ရောက်ကြသည်။
ဗိုလ်တတောင်မြို့နယ်တွင် အားလပ်ချိန်မှာ စာဖတ်ကြမယ်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ယမန်နေ့နံနက် ၁၀း၀၀ နာရီက အားလပ်ချိန်မှာ စာဖတ်ကြမယ်နှင့် စာပေဖတ်ရှု့လေ့လာခြင်း၏ အကျိုးကျေးဇူး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး အကြိုညှိနှိုင်း အစည်းဝေးကျင်းပ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။