နောင်ချိုမြို့နယ်တွင် စတော်ဘယ်ရီခြံထွက်သီးနှံများ လက်လီလက်ကား ဝယ်ယူရရှိနိုင်

နောင်ချို  မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် စတော်ဘယ်ရီ ခြံထွက်သီးနှံများ လက်လီလက်ကားဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် နွေရာသီကာလ၌ စတော်ဘယ်ရီ သဘာဝသီးနှံများ လှိုင်လှိုင်ထွက်လျက်ရှိပြီး စားသုံးသူများအနေဖြင့် လတ်လတ် ဆတ်ဆတ်စားသုံးနိုင်ကြောင်း၊ စတော်ဘယ်ရီသီးများကို သဘာဝ မတိုင်းစား၍ အဆင်ပြေသလို၊ ဖျော်ရည်အဖြစ်လည်း သောက်သုံး၍ ရနိုင်ပြီး ကျန်းမာရေးအတွက် စားသုံးသင့်သော  ဒေသထွက်အသီးအနှံဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တပိုင် တနိုင် စီးပွားဖြစ် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိစေကြောင်း၊ ဝယ်ယူစားသုံးသူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများ လက်လီ လက် ကားဝယ်ယူရရှိနိုင်ကြောင်း၊ မြို့တွင်းဝယ်ယူလိုသူများအား အိမ်အရောက်ပို့ပေးပြီး အခြားမြို့များမှ မှာယူသူများကိုလည်း ကားဂိတ်များမှ တင်ပို့ ပေးလျက်ရှိကြောင်း နောင်ချိုမြို့နယ် (ဂုတ်တွင်း)ညောင်ပင်စခန်းတွင် စတော်ဘယ်ရီစိုက်ပျိုးသူ ဦးပြုံးချိုထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)