အထက်မင်းလှ မတ် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့်အဖွဲ့သည် မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများ၊၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဆောက်ရွက်ထားရှိသည့်လုပ်ငန်းများကိုယမန်နေ့နံနက် ၉ နာရီကကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီးဦးအောင်ချိန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွန်ကြားရေးမှူး ဦးထင်အောင်၊ ဒုတိယအင်ဂျင်နီယာမှူးနှင့် အဖွဲ့ဝင်များသည် မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေများ ၊တိုးချဲ့မြို့ရေပေးရေးဝန်းအတွင်း ရေစစ်ကန်ဆောင်ရွက်ထားရှိမှုနှင့် ရေပေးဝေမှုအခြေအနေများ၊"ထ" ကန်သာယာလှပရေး ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ ဇေယျာသီရိဈေးအတွင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် မင်းလှမြို့နယ်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်တာဝန်ခံအင်ဂျင်နီယာ တို့က ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးကလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇာဇာ (အထက်မင်းလှ)