နမ့်စန်တွင် Basic English Grammar and Speaking သင်တန်းဆင်းပွဲကျင်းပ

နမ့်စန်(တ) မတ် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Basic English Grammar and Speaking သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်သက်ထားဦးက သင်တန်းပို့ချရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်/ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု လက်ဆောင်တို့အား ပေးအပ်ခဲ့ရာ ဆရာမသက်ထားဦးက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်ပြန်/ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် သင်တန်းနည်းပြဆရာမ ဒေါ်သက်ထားဦးတို့က သင်တန်းထူးချွန် ဆု များကို ချီးမြှင့်ပေးခဲ့ရာ ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ ၆ ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်ပြန်/ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။

အဆိုပါ Basic English Grammar and Speaking နွေရာသီသင်တန်းကို ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီ အားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာများမှ ကျောင်းသားလူငယ် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)