မိုင်းဖြတ်မြို့နယ်၌  သဒ္ဓမ္မဇောဓိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တရေဝတအား ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မိုင်းဖြတ်  မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  နိုင်ငံတော်အစိုးရမှ သာသနာ​တော်ဆိုင်ရာ ဘွဲ့တံဆိပ်​တော်ဆက်ကပ်သည့် ဆွပ်ပလောင်းထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း တိုက်မှ သဒ္ဓမ္မဇောဓိကဓဇ (သာသနာပြု တတိယအဆင့်) ဘွဲ့တံဆိပ်တော်ရ   ဘဒ္ဒန္တရေဝတအား ဂုဏဝိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ က ထေရဝါဒဗုဒ္ဓသာသနာ ပြု(ဗဟို) ကျောင်းတိုက်ရှိ  မင်္ဂလာသီရိဓမ္မာရုံ၌   စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မိုင်းဖြတ်မြို့၊ ဈေးတန်းပရိယတ္တိစာသင်တိုက် ပဓာ နနာယကဆရာတော်၊ မဟာသဒ္ဓမ္မဇောဓိ ကဓဇ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဆရာတော် ဘဒ္ဒန္တဓမ္မပါလထံမှ ပရိသတ်များကငါးပါး သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက်  သံဃာတော်အရှင်သူမြတ်တို့အား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သဒ္ဓမ္မဇောဓိကဓဇ (သာသနာပြု တတိယအဆင့်) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တရေဝတ ၏ ထေရုပတ္တိအကျဉ်းအား မိုင်းယောင်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တသုနန္ဒက ဖတ်ကြားတော်မူခဲ့သည်။ ယင်းနောက် မိုင်းဖြတ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြ(ဗဟို) ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသထံမှ ရေစက်ချအနု မောဒနာတရားကို နာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ထို့နောက်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

​ရွှေကို(မိုင်းဖြတ်)