သာကေတ မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁:၀၀)နာရီ အချိန်ကနွေရာသီ ကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ မတ်လ(၁၃) ရက်နေ့မှ မတ်လ(၂၄)ရက်နေ့ အထိဖွင့်လှစ်ခဲ့သည့် Basic Grammar and Composition သင်တန်းနှင့် Physical Fitness Dance သင်တန်းဆင်း ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပညာရေးမှူးဒေါ်ခင်အုန်းဝင်းမှ “နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေဖို့ တာဝန်ရှိသူများမှ စီစဥ်ဖွင့်လှစ်သောသင်တန်းကို တက်ရောက်ကြသည့် သားငယ်၊ သမီးများမှာနောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူကြမည့် မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် မိမိကိုယ်ကို၊ မိမိပတ်ဝန်းကျင်ကို ၊မိမိမြို့ရွာကို အကျိုးပြုနိုင်စေဖို့ ကျောင်းစာအပြင်၊ အထွေထွေ ဗဟုသုတများကြွယ်ဝပြီး ကျန်းမာသန်စွမ်းဖို့လိုကြောင်း၊ယခုလို ဖွင့်လှစ်သည့် သင်တန်းသည် လည်းယူတက်လျှင် သားငယ်၊ သမီးငယ်တို့အတွက် အကျိုးပြုမည်ဟုမျှော်လင့်ကြောင်း၊ ကျောင်းပိတ်ရက်၌ စိတ်ဝင်းစားစွာ သင်တန်းပြီးမြောက်သည်အထိ တက်ရောက်ခဲ့သည့် သားငယ်၊သမီးငယ်များကို လည်းကျေးဇူးတင် ဂုဏ်ယူမိကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး Basic Grammar and Compositon သင်တန်းနည်းပြမြို့နယ် (Book Club)နာယက၊ အလယ်တန်းပြ(ငြိမ်း) ဆရာမြစိန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူတို့မှ မုဒိတာစကားနှင့်ကျေးဇူးတင်စကားကို အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် Basic Grammar and Composition သင်တန်း ဆန်းစစ်ချက်စာမေးပွဲ၌ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းပြီးဆုံးသည် အထိတက်ရောက်ကြသည့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးအား ဆုများနှင့် သင်တန်းဆင်း လက်မှတ်များအား တာဝန်ရှိသူများမှ အသီးသီးချီးမြှင့်ကာသင်တန်းဖြစ်မြောက်ရေးအတွက် ထောက်ပံ့သည့် အလှူရှင်နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး Pysical Fitness Dance သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများမှ သင်တန်းမှ သင်ယူတက်မြောက်ခဲ့သည့် Physical Fitness Dance ဖြင့်တင်ဆက်ကပြကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)