သတင်းများ

၂၀၂၂ခု နှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများတွင် တစ်နှစ်တာပတ်လုံး စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သော ကြက်ခြေနီ စေတနာရှင်သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Mar 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း လူမှုဂရုဏာလုပ်ငန်းများတွင် တစ်နှစ်တာပတ်လုံး စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီ စေတနာရှင်သူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (ဂ) ရပ်ကွက်ရှိ မြို့နယ်ကြက်​ခြေနီအသင်းခွဲရုံး ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု၊ မြစ်ကြီးနားမြို့၌ တစ်နှစ်ပတ်လုံး သီးနှံစိုက်ခင်းများဖြင့် ပြည်နယ်၏ စိုက်ပျိုး ရေးစံပြ စိုက်ကွင်းတစ်ခု အကောင်အထည်ဖော်နိုင်ရေး ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ကြည့်ရှုစစ
Mar 27,2023
(၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ယနေ့နံနက် ၇ နာရီခွဲက တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ စစ်ရေးပြမှူးနှင့် စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်၍ စစ်ရေးပြ အစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။
မချမ်းဘော့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 27,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ယနေ့ကျရောက်သော (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့တွင် နားဇရက်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ
Mar 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ နားဇရက်မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 27,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များ ပြင်ဆင်ဆောင်ရွက်ရန်အတွက်  မြေပြင်သာကျေးရွာ အုပ်စု၊ အောင်ချမ်းသာကျေးရွာနှင့် အောင်မြင်သာကျေးရွာတို့ရှိ လူနေအိမ်အလုံး (၁၀၀) အား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိပ်ချိန်း၏ (၇)နှစ်ပြည့်အခမ်းအနား ကျင်းပ
Mar 27,2023
မြန်မာ့အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်စတော့အိပ်ချိန်း (YSX) ကို ၂၀၁၅ ခုနှစ်ဒီဇင်ဘာလ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ၂၀၁၆ မတ်လ (၂၅)ရက်နေ့မှာ စတော့ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ခဲ့ရာ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် (၇)နှစ်တိတိပြည့်မြောက်ပြီဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
Mar 27,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တစ်ဖက်ကမ်းရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီကစ၍ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲ၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ရခိုင်ရိုးရာကျင်ပွဲနှင့်ကျား/မလွန်ဆွဲပွဲတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိ
Mar 27,2023
မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအား ယမန်နေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။