ကလေးဝမြို့တွင် (Home Gardening) ဟင်းသီးဟင်းရွက်၊ မျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲပြုလုပ်

ကလေးဝ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (Home Gardening) ဟင်းသီးဟင်းရွက်၊မျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် အမှတ်(၁)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးနိုင်က (Home Gardening) စိုကိပျိုးရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသောတောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးတို့က မျိုးစေ့နှင့် ပျိုးပင်များအားပေးအပ်ခဲ့ကြသည်။

အဆိုပါပေးအပ်ပွဲသို့ ဒေသခံတောင်သူ နှစ်ဆယ်ကျော်နှင့်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်း (၁၈)ယောက် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုဇော် (ပြန်/ ဆက်)