ဟိုပန်၌(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန်မိုင်-ရွှေဝါ ကျောက်ချောလမ်းဖွင့်လှစ်

ဟိုပန် မတ် ၂၆

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်မိုင်-ရွှေဝါ ကျောက်ချောလမ်းဖွင့်ပွဲကို ယနေ့နံနက် နာရီအချိန်ကအဆိုပါ လမ်းထိပ် မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အမှာစကားပြောကြားပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးဦးခင်မောင်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ မန်မိုင်ရပ်ကွက်မှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မင်္ဂလာအချိန်တွင် လမ်းသစ်ကို ရှေ့တန်းအမှတ် () စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဖွင့်ပွဲအထိမ်းအမှတ်အလံကို ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်ဖြင့် ဖျန်းပက်ကာ ကျောက်ချောလမ်းသစ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါလမ်းသည် အရှည်()မိုင်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဘဏ္ဍာငွေ (၁၅၆.၇၉၅) သန်းဖြင့် ကျောက်ချောလမ်း()မိုင်နှင့်ခွင့်ပြုငွေ(၁၄.) သန်းဖြင့် Box Culvert () ခုကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

မန်မိုင်-ရွှေဝါကျောက်ချောလမ်း ဖွင့်လှစ်ခြင်းဖြင့် နမ့်လျှံ၊ မန်မိုင်ရပ်ကွက်မှ ရွှေဝါကျေးရွာ၊ ရုံးကုန်းရပ်ကွက်နှင့် နောင်မိုကျေးရွာ၊ ကောင်းကော်ကျေးရွာသို့ လွယ်ကူ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါသည်။

အဆိုပါလမ်းဖွင့်ပွဲသို့ ရှေ့တန်းအမှတ်()စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နမ့်လျှံ၊ မန်မိုင်ရပ်ကွက်မှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်