ငဖဲမြို့နယ်၌ အခြေခံပညာမူလတန်း ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ ရက်တိုသင်တန်းဖွင့်လှစ်

ငဖဲ မတ် ၂၈

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ပညာရေးဝန်ထမ်းများအား သင်ကြားမှုစွမ်းရည်တိုးတက်မြင့်မားစေရန် ရည်ရွယ်၍  အခြေခံပညာမူလတန်းအဆင့်သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက်စွမ်းရည်မြှင့် မွမ်းမံရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ငဖဲမြို့ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ခန်းမများတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာမူလတန်းအဆင့်သင် ဆရာ/ဆရာမများအား ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများတွင် တာဝန်ခံနည်းပြ(၉)ဦးက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ မူလတန်းအဆင့်သင် ဆရာ/ဆရာမ(၂၆၇)အား သင်ရိုးညွှန်းတမ်းများအရ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိကာ ဘာသာရပ်စွမ်းရည်မြှင့် ရက်တိုသင်တန်းကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)