ကျောက်မဲ မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၁)ကျောင်းမှ ပညာသင်ကြားပေးလျက်ရှိသော မူလတန်းအဆင့် ဆရာ၊ ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မူလတန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မွမ်းမံသင်တန်းအား ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဘာသာစွမ်းရည်မွမ်းမံသင်တန်းအား ကျောက်မဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးမှ ကြီးကြပ်၍ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းအဆင့် ဘာသာရပ်များကို သင်ကြားပို့ချပေးနေသော သင်တန်းသား(၄၅)ဦး၊ သင်တန်းသူ(၄၂၈)ဦး၊ စုစုပေါင်း(၄၇၃)ဦးတက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)