အထက်မင်းလှ မတ် ၂၈
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မင်းလှမူလတန်း ကြိုကျောင်း၏၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့် ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက မူလတန်းကြိုကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသားမိဘအသင်း နာယကဦးကြည်အောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး၊ မူကြိုကျောင်းသား၊ ကျောင်းသူများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက်မူလတန်းကြိုကျောင်းသား ၊ကျောင်းသူလေးများက အခမ်း အနားသို့ကြွရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများကို ပဒေ သာအကများဖြင့် ဖျော်ဖြေခဲ့သည်။
မင်းလှမြို့ မူလတန်းကြိုကျောင်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်၌ မူကြိုကျောင်းသား ၊ကျောင်းသူ(၂၈)ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးခဲ့ကြောင်း မင်းလှမူလ တန်းကြို ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)