မက်မန်းမြို့တွင် သံဃာအပါး( ၃၅၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မက်မန်း မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် သံဃာအပါး (၃၅၀)အား ဆွမ်းဆန်စိမ်းလောင်လှူပွဲကို မက်မန်းမြို့ မင်းရန်အောင်စေတီတော်တွင် ယမန်နေ့က ကျင်းပခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်လှူပွဲတွင် မက်မန်မြို့နယ်အတွင်းရှိ မြို့ပေါ် ဘုန်တော်ကြီးကျောင်းမှ ရဟန်းသံဃာများ၊ ကျေးရွာများရှိ ရဟန်းသံဃာ စုစုပေါင်း (၃၅၀)ပါးအား ဆန်၊ ဆီ၊ ဆေး၊ ခေါက်ဆွဲခြောက်နှင့် လှူဖွယ်ဝတ္ထုငွေများကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်အလှူများက သဒ္ဒါတရားထက်သန်စွာဖြင့် ဝိုင်းဝန်၍ လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ မက်မန်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)