သတင်းများ

မံစီမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်) ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ
Mar 29,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ပန်လုံမြို့၌ ဆဋ္ဌမအကြိမ်မြောက် “ဝ”နှစ်ခြင်းလူငယ်ဓမ္မညီလာခံသင်တန်းဖွင့်ပွဲ ပြုလုပ်
Mar 29,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ ညနေ(၄)နာရီ အချိန်က “ဝ”နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် လူငယ်ဓမ္မညီလာခံ သင်တန်းဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဓမ္မအမှုတော်ဆောင်ဆရာမ ယေ့သဲခွန်းက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာဝန်ရှိပုဂ္ဂိုလ်များက လူငယ်ဓမ္မညီလာခံသင်တန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
သာပေါင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိ‌မောက်ဘာသာ၊ ဓမ္မပဒဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာတို့ စတင်ဖြေဆို
Mar 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ယနေ့ ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း(၈)ရက်၊ မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆောင်ရွက်
Mar 29,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။
 မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို
Mar 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ယနေ့ မွန်းလွဲပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်
Mar 29,2023
ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စတင်ကျင်းပ
Mar 29,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက် တေဇစက္ကီဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်၌ မိုးမျှော်ငရုတ် ဈေးကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ
Mar 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး မိုးမျှော်ငရုတ် ဈေးကောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။