လွိုင်လင် မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် (၁၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာဖြေပွဲ ပထမနေ့တွင် အခြေပြုမူလတန်း (၄၇)ပါး၊ ပထမငယ် တန်း (၁၃ )ပါး၊ ပထမလတ်တန်း (၉) ပါး၊ ပထမကြီးတန်း (၆)ပါး စုစုပေါင်း (၇၅)ပါး ဝင်ရောက် ဖြေဆိုကြသည်။
စာဖြေသံဃာများအတွက် အာရုံဆွမ်း၊ နေ့ဆွမ်းနှင့်ခဲဘွယ်ဘောဇဉ်များကို မြို့ပေါ်ရှိ ရပ်ကွက် အသီးသီးမှ ပြည်သူများ၊ ဌာနဆိုင်ရာများက လှူဒါန်းကြကြောင်းနှင့် စာဖြေပွဲတော်ကို ဧပြီလ (၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)