လွိုင်လင် မတ် ၂၉
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လွိုင်လင်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေးဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော်ကို ယိမ်းအကပြိုင်ပွဲများ၊ တေးသီချင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျင်းပရေးကော်မတီ အသီးသီးကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားသည်။
လွိုင်လင်မြို့တွင်ကျင်းပမည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများကျင်းပပေးပြီး နေ့စဉ်စတုဒိသာများဖြင့် ကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွား ပူဇော်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)