ဇေယျာသီရိ မတ် ၂၉
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်ဆိုင် ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဆရာ/ မများ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရေး၊ သင်ကြားရေးအရည်အသွေး မြင့်မားလာစေရေး၊ ထိရောက်စွာပြန်လည် သင်ကြား ပို့ချနိုင်စေရေးနှင့် အခြေခံပညာကဏ္ဍတွင် အရည်အသွေးပြည့်ဝသည့် ဆရာ/ မများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ ဆွေးနွေးပွဲတွင် ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဇေယျာသီရိမြိုနယ်ပညာရေးမှူး ဦးခင်မောင်လွင်တို့က လမ်းညွှန်အမှာ စကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးငြိမ်းအေးမှ သင်တန်းသားများ လိုက်နာရမည့် သင်တန်းစည်းကမ်းများအား ဖတ်ကြားရှင်းလင်းခဲ့သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ဆရာ/ မ (၄၆၇) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် နည်းပြ ဆရာ/ဆရာမ (၁၇)ဦးက မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)