ချောက် မတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ချောက်မြို့ အ.ထ.က(၁)ကျောင်းမြရိပ်ညိုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးမန်းအောင်က ကျောင်းသား/ကျောင်းသူများကို ပြုစုပျိုးထောင်ရာမှာလည်း ဆရာ/ဆရာမများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း၊ ဆရာ/ဆရာမများ စွမ်းရည် ပြည့်ဝမှသာလျှင် နိုင်ငံတော်၏အနာဂတ်များဖြစ်သော ကျောင်းသား/သူများကို အရည်အသွေး ပြည့်ဝစွာမွေးထုတ်ပေးနိုင်မှာဖြစ်သည့်အတွက် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို စိတ်ရော ကိုယ်ပါနှစ်၍ ဆွေးနွေးပေးကြပါရန် ရှင်းလင်းပြောကြားခဲ့သည်။
အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အ.ထ.က (၁)ကျောင်းတွင် နည်းပြဆရာ (၂၉)ဦးက ချောက်မြို့ နယ်အတွင်းရှိ မူလတန်းပြ ဆရာ/ဆရာမ (၉၃၃)ဦးအား ဆွေးနွေးသွားမည်ဖြစ်ပြီး မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ် လ၂၈ရက်နေ့ မှ မတ်လ ၃၁ရက်နေ့အထိ (၄) ရက်ကြာ နေ့စဥ် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)