သာစည်မြို့နယ်တွင် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

သာစည် မတ် ၂၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို  ယမန်နေ့နံနက် ၉ နာရီက  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းတွင် KG မှ Grade 5 အထိ မူလတန်းဘာသာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းသင်ဆရာ/မ ၁၀၈၇ ဦးတို့ကို နည်းပြ ၃၆ ဦးတိုက သင်တန်းခန်း ၃၆ ခန်းဖြင့် အုပ်စုခွဲပို့ချပေးသွားမည်ဖြစ်ပြီး အသစ်ခန့်အပ်ထားသည့် မူလတန်းပြဆရာ/မ ၈၀ ဦးတို့က လေ့လာသူများအဖြစ် တက်ရောက်ကြောင်းသိရသည်။ အဆိုပါ သင်တန်းများကို သင်တန်းကြီးကြပ် ၅ ဦး၏ကြီးကြပ်မှုဖြင့် မတ် ၂၈ ရက်မှမတ် ၃၁ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှညနေ ၄ နာရီအထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်ကြားရေးစွမ်းရည် ပိုမိုမြင့်မားလာပြီး အရည်အသွေးပြည့်ဝသော ဆရာ/မများဖြစ်လာစေရန် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်းသိရပြီး မတ် ၂၁ ရက်မ မတ် ၂၄ ရက်အထိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းများ ပို့ချခဲ့ကြောင်း သိရသည်။                 

မြို့နယ်(ပြန်/ဆက်)