ပုသိမ်ကြီး မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပုသိမ်ကြီး)၌ ယမန်နေ့နေ့လယ် ၁၂နာရီအချိန်က စာဖြေသံဃာ၊ သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိသည်။
အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် အခြေပြုမှုလတန်း၊ ပထမငယ်တန်း၊ ပထမကြီးတန်း ဝင်ရောက်ဖြေဆိုကြရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဃောသိတနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူတို့က စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည်ညိုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်း(၆၃)ပါး၊ ပထမလတ်တန်း(၄၅)ပါးနှင့် ပထမငယ်တန်း(၉၉)ပါး၊ အခြေပြုမှုလတန်း (၁၇၆)ပါးနှင့် လူတစ်ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)