ကြံခင်း မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ (အ.ထ.က-၁)အောင်ကျော်ခန်းမတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။
ပထဦးစွာ မြို့နယ်ပညာရေးမှုးဒေါ်ဌေးဌေးက နိုင်ငံတော်မှ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ တက်ရောက်သော ဆရာ/ဆရာမများက ပို့ချချက်များအပေါ် အပြန်အလှန် ဆွေးနွေးပေးရန်နှင့် ဖွင့်လှစ်ပို့ချရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းမင်းခိုင်မှ သင်တန်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ သင်တန်းသား/သူများမှ ဘာသာရပ်စွမ်းရည်မြှင့် သင်ကြားပို့ချပေးမှုအပေါ် စနစ်တကျလေ့လာမှတ်သားပြီး ပူးပေါင်းဆွေးနွေးကြရန် ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် သင်တန်းသား ဆရာ/ဆရာမ (၅၈၄)ဦး တက်ရောက်ကြပြီး၊ နည်းပြဆရာ/ဆရာမ (၂၀)ဦးက သင်ကြားပို့ချပေးမှာဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ(၂၈)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)