ပန်ဆိုင်း မတ်၂၉
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကျောင်းသား/ကျောင်းသူများ အနေဖြင့် နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချစေပြီး မိမိတို့အတွက် အကျိုးရှိမည့် ယဥ်ကျေးလိမ္မာမှုများကို သင်ယူစေရန်၊မိမိတို့ကိုးကွယ်ယုံကြည်မှုများနှင့်စပ်လျင်းပြီး သိသင့်သိထိုက် သည့် ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားနှင့်ပတ်သက်သည့် သမိုင်းကြောင်း ဆိုင်ရာနှင့် ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူတိုင်း သိသင့်သိထိုက်သည့် ဘာသာရေးဗဟုသုတများကို သိရိစေရန်နှင့် ဘာသာ သာသနာကို အကျိုးပြုနိုင်သည့် သားကောင်းသမီးကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာနှင့်ယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ ညနေ (၄:၀၀)နာရီအချိန်က ပန်ဆိုင်း (ကြူကုတ်)မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင်ပြုလုပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ကျောင်းထိုင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇနိန္ဒသာမိက သင်တန်းသား၊ သက်တန်းသူများအား အဖွင့်အမှာစကားပြောကြားပြီး လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါယဥ်ကျေးလိမ္မာသင်တန်းကို မတ်လ (၂၈) ရက်မှဧပြီလ(၂၈ )ထိ သင်္ကြန်တွင်းဥပုဒ်ရက်များမပါ (၂၃)ရက် ဖွင့်လှစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစု ပေါင်း(၇၃ )ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်ဆိုင်း ( ပြန်/ဆက် )