သံဖြူဇရပ် မတ် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ခေါပငံချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို မတ် (၁၈) ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခေါပငံချောင်းသည် သံဖြူဇရပ် မြို့နယ်အတွင်း အောင်ဇေယျ၊ ကျောင်းပိုင်း၊ စက်သစ်၊ အောင်ချမ်းသာရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်း၍ ဝါခရူမြစ်အတွင်းသို့ စီးဆင်းပြီး ချောင်းတူးဖော်ပြီးစီးပါက မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်မည်ဖြစ်သည်။
အဆိုပါ ချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မတ်(၁၈)ရက်နေ့မှ စတင်တူးဖော်ခဲ့ရာ ယနေ့တွင်အောင်ချမ်းသာရပ်ကွက်နှင့် စက်သစ်ရပ်ကွက်အပိုင်းအထိပြီးစီးမှု (၅၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးလှိုင်ဝင်းမောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)