အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ

ပုသိမ်ကြီး ဧပြီ ၉

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၆)ကြိမ်မြောက် ကွန်ပျူတာပန်းချီရေးဆွဲပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးကွန်ပျူတာတက္ကသိုလ်၌ ပြုလုပ်ခဲ့သည်။

ကွန်ပျူတာပန်းချီရေးဆွဲပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မန္တလေးကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးသီတာထွန်း၊ အမှတ်(၁)မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးအုန်းခိုင်၊ အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးနိုင်အောင်ခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးတို့က ကွန်ပျူတာပန်းချီပြိုင်ပွဲအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါကွန်ပျူတာပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၅)ဦးတို့ ယှဥ်ပြိုင်ကြရာ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ဆရာဆရာမများက ပြိုင်ပွဲအား စောင့်ကြပ်ပေးခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့များက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်