တာမွေမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show ကျင်းပ

တာမွေ    ဧပြီ    

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျရောက်သည့် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဖြစ်ပေါ်လာပုံနှင့် သင်္ကြန်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သင်္ကြန်ပွဲတော်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတို့ နှီးနွယ်ဆက်စပ်နေပုံ၊ သင်္ကြန်ရေပက်ဖျန်းခြင်း၏အဓိပ္ပာယ်နှင့် သင်္ကြန်အခါသမယတွင် မြန်မာတိုင်းရင်းသား လူမျိုးနွယ်စုများအနေဖြင့် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် သင်္ကြန်အခါသမယတွင် ကုသိုလ်ကောင်းမှုအမျိုးမျိုးပြုလုပ်ကြပုံများ၊ မကြာမီကျင်းပတော့မည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ့်မွေ့စွာ ပါဝင်ဆင်နွှဲရင်း မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများအဖြစ်သတ်မှတ်ကာ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်းနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါအသိပညာပေးအစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)