ညောင်ရွှေ ဧပြီ ၉
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စိတ်ကူးစိတ်သန်းတီထွင်ဆန်းသစ်မှု ပိုမိုရင့်သန်လာစေရန်၊ ပန်းချီအနုပညာကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိပန်းချီအနုပညာရှင်များ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်လျက်ရှိရာ သင်တန်းဆင်းပွဲကို ဧပြီ(၇)ရက် နေ့လယ်(၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးနေမျိုးသူရိန်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းတွင်ထူးချွန်ဆုရရှိကြသူများကို ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက သင်တန်းနည်းပြဆရာကြီးများအား ဂါရဝပြုကန်တော့ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကို မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ