ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စု ထိန်ပင်မြောင်အောက်စုကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ကြံခင်း  ဧပြီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု ထိန်ပင်မြောင်အောက်စုတွင် ဧပြီလ(၇)ရက်နေ့ နေ့လယ်(၁၃)နာရီ(၄၅)မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း  မြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူထံက သိရသည်။

ဖြစ်စဉ်မှာ ဦးမောင်ခန့်အသက်(၅၈)နှစ်(ဘ)ဦးကျော်တင့် နေအိမ်(၂၁×၁၈)ပေသွပ်မိုး၊ ပျဉ်ကာအဆောက်အဦမီးဖိုဆောင်ရှိ မီးကြွင်း၊ မီးကျန်များမှတဆင့် အနီးရှိထရံအား ကူးစက်လောင်ကျွမ်းကာ နေအိမ်များပါ ကူးစက်လောင်ကျွမ်းသဖြင့်  ရေနံတောင်နယ်မြေမီးသတ်စခန်းသို့  တာဝန်သိပြည်သူတစ်ဦးက အကြောင်းကြားသဖြင့်  မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကိုကိုနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့်လည်းကောင်း၊ ရေနံတောင်နယ်မြေ  မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့်လည်းကောင်း၊   ဘက်ရဲမြို့မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့်   အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ (၁၄)နာရီ  မိနစ်(၁၅)တွင် မီးထိန်းနိုင်ခဲ့ပြီး ၊  (၁၄)နာရီ  မိနစ်(၃၀)တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့်  လူနေအိမ်(၁၄×၁၈)ပေ သွပ်မိုး၊ပျဉ်ထောင်တစ်လုံး၊ (၁၈× ၁၂)ပေ သွပ်မိုး၊ ထရံကာ  တစ်လုံး၊  (၂၃×၁၅)ပေ သွပ်မိုး၊ ပျဉ်ကာတစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် ပျက်စီးပြီဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၁၀၀၀၀၀၀/-)ခန့်ရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဦးမောင်ခန့်(ဘ)ဦးကျော်တင့်အား ကြံခင်းမြို့နယ် ဘက်ရဲနယ်မြေရဲစခန်းမှ (ပ)-၁၇/ ၂၀၂၃  ပုဒ်မ  (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)