မကွေး ဧပြီ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်က မကွေးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပဲဖတ်၊ နှမ်းဖတ်နှင့် အရိုးမှုန့်အခြေခံ သဘာဝမြေသြဇာထုတ်လုပ် ဖြန့်ဖြူးမှု အခြေ အနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မကွေးမြို့ မိုမိုစိုက်ပျိုးမွေးမြူရေးခြံသို့ရောက်ရှိရာ စိုက်ပျိုးခြံတာဝန်ရှိသူမှ စိုက်ပျိုးမွေးမြူရေးခြံနှင့် ပတ်သက်၍ ၂၀၁၀ ခုနှစ်မှ စတင်၍ မြေ(၈)ဧကတွင် လုပ်ငန်းစတင်ဆောင်ရွက်မှု၊ နို့စားနွား(၁၃၀)ကောင်နှင့် ဒေသနွား အကောင်(၂၀) မွေးမြူထားရှိမှု အခြေအနေများ၊ နွားမတစ်ကောင် အစာကျွေးနှုန်း၊ ကျွေးနည်းစနစ်၊ နို့ထွက်ရှိမှု၊ တိရစ္ဆာန်အစာ နေပီယာမြစ်စိုက်ပျိုးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားကာ၊ ယခုကဲ့သို့ တိုင်းဒေသကြီးအတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထုကိုယ်တိုင် ပါဝင်ကာဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အကောင်အထည်ဖော် ပိုမိုလုပ်ဆောင်နိုင်စေရေး ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့နယ် မကြီူကန်ကျေးရွာ ရွှေလယ်ယာအရိုးမှုန့်အခြေခံ သဘာဝမြေသြဇာ ထုတ်လုပ်မှုလုပ်ငန်းသို့ ရောက်ရှိပြီး ကြည့်ရှု စစ်ဆေးရာ ရွှေလယ်ယာသဘာဝမြေသြဇာကို သီးနှံပင်မျိုးစုံ အထွက်တိုးစေရန်နှင့် အာဟာရ၊ အရသာ ပြည့်ဝစေရန်၊ ပိုးမွှားကာကွယ်ရန်အတွက် ဂျပန်နည်းပညာ EM နည်းပညာအသုံးပြု၍ အရိုးမှုန့် အခြေခံသဘာဝမြေသြဇာအဖြစ် ထုတ်လုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အရိုးကုန်ကြမ်းကို အမှုန့်ခွဲကြိတ်၍ အကျိုးမပြုသော ပေါင်းမျိုးစေ့များနှင့် အကျိုးမဲ့ ပိုးများကို ချေဖျက်ဆောင်ရွက်ကာ ပါဝင်ပစ္စည်းများ အချိုးညီ အမှုန်ပြုလုပ် ရောစပ်ထုတ်လုပ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ၊ ရွှေလယ်ယာအရိုးမှုန့်အခြေခံ သဘာဝမြေသြဇာ ကုန်ထုတ် လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက် ရန်မြေနေရာချထားပေးနိုင်ရေး တင်ပြမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ် မကြီူကန်ကျေးရွာ အုပ်စုအညာမြေ သဘာ၀မြေသြဇာ ထုတ်လုပ်မှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် အမေထွားပဲဆီသန့်လုပ်ငန်းကို အခြေပြုဆောင်ရွက်သည့် ပဲဖတ်၊ နှမ်းဖတ် အခြေခံသဘာဝမြေသြဇာ ထုတ်လုပ်အသုံးပြု ဖြန့်ဖြူးဆောင်ရွက်မှု အခြေအနေများအား လုပ်ငန်းရှင် ဦးဌေးအောင်က သဘာဝမြေသြဇာ ထုတ်လုပ်မှု ကုန်ကြမ်ပစ္စည်းများ၊ မြေသြဇာ ပေါင်းကန်ပုံ၊ မြေသြဇာခြံတည်ဆောက် ပုံအလွှာများ၊ ကုန်ချောထုတ်လုပ်မှုနှင့် တောင်သူများနှင့် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေပဲစိုက်တောင်သူ ဦးကြီးများနှင့် တစ်ဦးပေါ် တစ်ဦး အမှီသကပြုကာ လုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်လာနိုင်ခဲ့ပြီး အညာဒေသနှင့် ကိုက်ညီမည့် ပဲဖတ်၊ နှမ်းဖတ်တို့ကို အခြေခံကာ သဘာဝမြေသြဇာ ထုတ်လုပ်ဆောင်ရွက်မှုအပေါ် များစွာဂုဏ်ယူပါကြောင်း၊ပျက်စီးနေသော မြေဆီလွှာများကို ပြုပြင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန် မြင့်စွာဖြင့် ဈေးကွက်ထဲ့သို့ထိုးဖောက်နိုင်ရန် ကြိုးစားလုပ်ဆောင်ကြရန် မှာကြားကာ သဘာဝ မြေသြဇာ ပေါင်းကန်ပုံများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်ဒဟတ်ကန်ကျေးရွာ အုပ်စ၊ ဝက်သိုက်ကျေးရွာ ဒေါက်တာချိုသိန်း မွေးမြူရေးခြံသို့ ရောက်ရှိကာ ကြက်၊ ဝက်မွေးမြူ ထုတ်လုပ်မှု အခြေအနေနှင့် သီးပင်၊ စားပင် ပန်းအလှပင် စိုက်ပျိုးထားရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း နွေရာသီ သင်တန်းများအဖြစ် ကွန်ပျူတာ၊ အားကစား၊ ယဉ်ကျေးလိမ္မာ၊ ကင်းထောက်၊ ကြက်ခြေနီ စသည့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နွေရာသီကျောင်းပိတ်ရက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ အခြေခံတယောပညာ သင်တန်းကို မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် (၁-၄-၂၀၂၃)ရက်နေ့မှ (၃၀-၄-၂၀၂၃)ရက်နေထိ ဖွင့်လှစ်၍ သင်ကြား လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တယောသင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ယခုနှစ်သင်္ကြန်ပွဲနေ့များတွင် ယိမ်းအကအဖွဲ့များနည်းတူ လာရောက် ဖျော်ဖြေပေးနိုင်ရေး သင်္ကြန်သီချင်းများ ကြိုးစားလေ့ကျင့် တီးခတ်ကြရန်နှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ