ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေးစီစဥ်​ဆောင်ရွက်

ဒဂုံ   ဧပြီ    ၉

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ်ပြည်အ​ရှေ့ရပ်ကွက် ပြည်လမ်းပြည်သူ့ရင်ပြင်ရှိ ရန်ကုန်တိုင်း​ဒေသကြီး မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား Royal Apex မှကြီးမှူး၍ ဝင်​ကြေးအခမဲ့ဖြင့် မြန်မာသက္ကရာဇ် ၁၃၄၈ ခုနှစ် မြန်မာ့ရိုး ရာအတာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဩသင်္ကြန်ပွဲ​တော်ရက်များအတွင်း ​နေ့စဥ်နံနက် ၉နာရီမှ ည ၁၀ နာရီထိ ​ရေပက်မဏ္ဍပ်များတွင်​ရေကစားခြင်းများအပြင် ​ဖျော်​ဖြေ​ရေးအစီအစဥ်များနှင့် လမ်း​လျှောက်သင်္ကြန်ပြုလုပ်၍ သင်္ကြန် မုန့်မျိုးစုံ၊သစ်သီး​ဖျော်ရည်၊အ​အေး စတုဒီသာ​စသည့်​ကျွေးမွေးမှုအစီအစဥ်များဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပ​ဆောင်ရွက်သွားမည်ဖြစ်ပါသည်။မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပိုမိုထူးခြားကောင်းမွန်သည့်အမြင်သစ်၊ အတွေးသစ်များဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့အတာသင်္ကြန်ပွဲတော်ကာလအတွင်းသင်္ကြန်ယိမ်းအဖွဲ့များ၊ တစ်ပင်တိုင်အကများ၊​ဖျော်​ဖြေ​ရေးအစီအစဥ်များဖြင့် လည်းပါဝင်ကပြဖျော်ဖြေသွားမည်ဖြစ်ပြီးပြည်သူများအနေဖြင့် နှစ်သစ်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်စေရန်အတွက်လိုအပ်သည်များအား ဖြည့်ဆည်း​ဆောင်ရွက်ရန် ယ​နေ့ နံနက် ၈နာရီကမြို့​တော်ဝန်ဦးဗိုလ်​ဌေး၊အတွင်း​ရေးမှူးနှင့်စည်ပင်သာယာ​ကော်မတီဝင်များက လာ​ရောက် ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

ကြည်​ဇေ​သော်