သတင်းများ

လင်းခေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစား
Apr 16,2023
၁၃၈၄ခုနှစ်မြန်မာ့ ရိုးရာမဟာသင်္ကြန် အတက်နေ့၌ မြို့နေအများပြည်သူတို့သည် အေးချမ်းစွာဖြင့်ရေပက်ကစား၊ ဘုရားသွားကျောင်းတက်၊ သီလဥပုသ်ဆောက်တည်၊ ဒါနကုသိုလ်ပြုခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများရေကစားခြင်းဖြင့် စည်းကားလျက်ရှိ
Apr 16,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ယနေ့နံနက် ၈ နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံရှေ့အတာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နွှဲပျော်၊ သင်္ကြန်ထမင်းနှင့် ဟင်းများ စတုဒီတာကျွေး
Apr 16,2023
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဧပြီ(၁၆)ရက်တွင် နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စည်ကားသိုက်စွာ နွှဲပျော်လျက်ရှိကြပြီး ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြ၍ မြိတ်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်အနီးတွင် စတုဒီတာမဏ္ဍပ်ဖြင့် သင်္ကြန်ပွဲတော်နွှဲပျော်ကြသူများအား သင်္ကြန်ထမင်းနှင့်ဟင်းများကို စတုဒီတာကျွေးခဲ့ကြသည်။
ဖျာပုံမြို့၌ မဟာသင်္ကြန်အတက်နေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းဖြင့် စည်ကားလျက်ရှိ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်အတက်နေ့ ပြည်သူများဥပုသ်သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားခြင်းများဖြင့် စည်ကားလျက်ရှိကြသည်။
ကျောင်းကုန်းမြို့၌ သင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိဗဟိုမဏ္ဍပ်၌ ယနေ့သင်္ကြန်အတက်နေ့ နံနက် ၈ နာရီအချိန် ပျော်ရွှင်စွာဖျော်ဖြေကပြသီဆိုကာ ရေပက်ကစားခဲ့ကြသည်။ အလှူရှင်များကလည်း နေ့စဉ်မုန့် လုံးရေပေါ်များ၊ မုန့်လက်ဆောင်းများ၊ ထမင်း/ဟင်းများဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ငပုတောမြို့၌ မဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်ပိုင်းတွင် သီတင်းသီလဆောက်တည်ကြသူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မဟာသင်္ကြန်ပွဲ အတက်နေ့နံနက်ပိုင်းတွင် ဘုရားကျောင်းကန်များတွင် ဥပုလ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ငပုတောမြို့အတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင်လည်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဖြူးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ဆက်လက်အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ
Apr 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်၁၃၈၄-ခုနှစ်၊၂၀၂၃-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ဆက်လက်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ သံရုံးမိသားစုဝင်များနှင့် တာဝန်ရှိသူများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်
Apr 16,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်မြို့ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့တော်ခန်းမ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။