သတင်းများ

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင် သင်္ကြန်အကျနေ့တွင် မကွေးလေတပ်စခန်း ဌာနချုပ်မိသားစုမဏ္ဍပ်နှင့်ကမ်းနားလမ်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေမှုအား ကြည့်ရှုအားပေး
Apr 15,2023
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက်(၈)နာရီအချိန်က  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်စိုးတင်လတ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မကွေးလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ ရေသဘင်မဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၌မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ရေကစားသူများဖြင့်အထူးစည်ကား
Apr 15,2023
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလ၊ ယမန်နေ့သင်္ကြန်အကျနေ့တွင်  တောင်ကုတ်မြို့ရှိ ဗဟိုမဏ္ဍပ်နှင့်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့်အထူးစည်ကား လျက်ရှိသည်။
ကျိုက်ထိုမြို့၌ မဟာသင်္ကြန် အကျနေ့ စတုဒီသာ ကျွေးမွေးလှူဒါန်း
Apr 15,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိုးရိုး‌လေးမိသားစုနှင့် ဘဲလေးစားသောက်ဆိုင်မိသားစုတို့ပူးပေါင်း၍  မဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက်ပိုင်း၌ ပြည်သူ့ဈေးရှေ့တွင်မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးမွေ းလှူဒါန်းမှူကို စု‌ပေါင်းပြုလုပ်ခဲ့ကြသည်။
မချမ်းဘော့မြို့ ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးရင်ပြင်၌ မိုင်းဖုန်းဆရာတော်ဘုရားကြီး တရားဒေသနာတော်များ ဟောကြားတော်မူ
Apr 15,2023
သင်္ကြန်ကာလဓမ္မဒူတခရီးစဥ်အဖြစ် ကြွရောက်တော်မူလာသော မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် ကချင်ပြည်နယ်၊ ပူတာအိုမြို့မူလာရှီးဒီး ကြိုးတံတားအနီး ယာယီသီတင်းသုံးမည့် မလိခလော့ဟိုတယ်သို့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၆:၃၀ နာရီတွင် ရောက်ရှိကြွရောက်တော်မူခဲ့ပြီး ည ၈:၃၀ နာရီတွင် မချမ်းဘော့မြို့ရှိ ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ ကြွရောက်ဖူးမျှော်ကြည်ညိုပြီးနောက် ည ၉:၃၀ နာရီတွင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ရင်ပြင်ရှိ တရားဟောကျောင်းဆောင်တွင် တရားဒေသနာတော်များကို ည ၁၁:၃၀ နာရီထိ ဟောကြားတော်မူခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ရေကစားသူများဖြင့်စည်ကား
Apr 15,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းအနီး ဗိုလ်ချုပ်ကြေးရုပ်မြောက်ဘက်တွင် ဗဟိုမဏ္ဍပ်နှင့်ရေကစား မဏ္ဍပ်တို့တွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး
Apr 15,2023
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည်  ယမန်နေ့သင်္ကြန်အကျနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များတွင် ယိမ်းအဖွဲ့များကပြနေမှု၊ အများပြည်သူလွတ်လပ်ပျော်ရွှင်စွာ ရေကစား‌နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
မြိတ်မြို့တွင် သင်္ကြန်အကျနေ့၌ ပြည်သူများ အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာဆင်နွှဲ
Apr 15,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သင်္ကြန်အကျနေ့ ဧပြီ(၁၄)ရက် နံနက်ပိုင်းမှစတင်ကာ ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။
သင်္ကြန်အကျနေ့တွင် မြိတ်ကျွန်းစုရှိ စမတ်ကျွန်းနှင့်လေးကျွန်းသို့ ခရီးသွားများနှင့် ဒေသခံများစိတ်အေးချမ်းသာစွာ ကျွန်းအပန်းဖြေ ခရီးသွားရောက်လည်ပတ်
Apr 15,2023
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြိတ်ကျွန်းစုရှိ သဘာဝအလှတရားများဖြင့် သာယာလှပသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများမှ စိတ်အေးချမ်းသာစွာ ကျွန်းအပန်းဖြေခရီးအဖြစ် ယနေ့နံနက်ပိုင်းက  မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့်  ကျွန်းများသို့သွားရောက် လည်ပတ်ခဲ့ကြသည်။