သတင်းများ

ပုသိမ်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် အေးချမ်းပျော်ရွှင်စွာရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများဖြင့်စည်ကား
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲ​တော်အကျနေ့တွင် ​အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန် (အ​ကျနေ့)တွင် နေပြည်တော်ရှိ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့်စည်ကား
Apr 15,2023
၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ဖား​ဆောင်းမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ​တော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 15,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ၁၃-၄-၂၀၂၃ ရက်နေ့ ည​နေ ၃ နာရီအချိန်က ​မြောက်ပိုင်းရပ်ကွက်၊ ဗဟိုသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့​ကြောင်း သိရသည်။
သာယာဝတီမြို့၌ ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကပြိုင်ပွဲများကျင်းပ
Apr 15,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အကပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ သာယာဝတီမြို့ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
တောင်ငူမြို့၌  မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကျနေ့ ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ
Apr 15,2023
၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့တွင်တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ပြည်သူများမှ မြန်မာ့ရိုးရာယဥ်ကျေးမှု သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။
မော်လမြိုင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ဖျော်ဖြေတင်ဆက်မှုနှင့် ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာပွဲတော်ဆင်နွှဲ 
Apr 15,2023
၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပွဲကို မွန်ပြည်နယ်မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ဧပြီလ ၁၄ ရက် မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် နိုင်ငံကျော်အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာတွင် မဟာသင်္ကြန်အထူးတရားဓမ္မသဘင်ပွဲ(ပထမနေ့) ကျင်းပ
Apr 15,2023
ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာ ဣန္ဒာစာရတိုက်သစ်ကျောင်းဝန်းအတွင်း၌ ယမန်နေ့ည(၇)နာရီအချိန်က သောင်လယ်-မောင်းရုံကျေးရွာ ကုသိုလ်ရှင်လူငယ်များ ဦးစီးကျင်းပသည့် မဟာသင်္ကြန်အထူးတရားဓမ္မသဘင်ပွဲ(ပထမနေ့)အခမ်းအနား ကျင်းပခဲ့သည်။
လားရှိုးမြို့ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့်စည်ကား
Apr 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ကို ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရိ၀ုဏ်၊ ဆင်းရွှေလီကဇာတ်ရုံရှိဗဟိုမဏ္ဍပ်တွင် ယမန်နေ့နံနက် ၈ နာရီမှစ၍ ကျင်းပလျက်ရှိရာ ယိမ်းအဖွဲ့များ၏ မြန်မာ့ရိုးရာအကအလှများ၊ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။