ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြန်မ့ာရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစား
Apr 14,2023
မြန့်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ် တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများအေးချမ်း ပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲတော်အား ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးရှေ့(အကျနေ့)၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။