သတင်းများ

မြောင်းမြမြို့နယ် မြန်မာ့ရိုးရာမဟာ သကြင်္န်အကျနေ့တွင် ယိမ်းအဖွဲ့များမှ ကပြယှဉ်ပြိုင်ခြင်းနှင့် ရေကစားသူများဖြင့် စည်ကား
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့၌ ယိမ်းအဖွဲ့တို့မှ ကပြယှဉ်ပြိုင်ခြင်းနှင့် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲများ  ကျင်းပပြုလုပ်
Apr 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ယိမ်းအကပြိုင်ပွဲများကို ဧပြီလ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် နံနက်(၉)နာရီအချိန်က စုပေါင်းရုံးကြီးဝင်းအတွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့တွံ​တေးမြို့နယ်၌ ကလေးသူငယ်များပျော်ရွှင်စွာရေဆော့ကစား
Apr 14,2023
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည်ကျော် ၁၀ ရက်၊ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန် အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ဘုရားလမ်းမကြီး၌ ကလေးသူငယ်များပျော်ရွှင်စွာ ရေဆော့ကစားလျက်ရှိသည်။
ကျောက်တန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့တွင် မြို့နယ်ရေကစားမဏ္ဍပ်၌ ရေကစားသူများ၊ ယိမ်းအကဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးမှုများဖြင့် အထူးစည်ကား
Apr 14,2023
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်ရေကစားမဏ္ဍပ်တွင် ရေကစားသူပြည်သူများ၊ ယိမ်းအက ဖျော်ဖြေသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။         
ငပုတောမြို့၌ ၁၃၈၄ ခုနှစ်မဟာသင်္ကြန်ပွဲတော် အကျနေ့နံနက်ပိုင်းတွင် သီတင်းသီလ ဆောက်တည်ကြသူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၄ ခုနှစ်မဟာသင်္ကြန်ပွဲ အကျနေ့ နံနက်ပိုင်းတွင် ဘုရားကျောင်းကန်များတွင် သီတင်းသီလ ဆောက်တည်ကြသူများ၊ ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ကျောင်းကုန်းမြို့၌ သင်္ကြန်အကျနေ့အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ယနေ့သင်္ကြန်အကျနေ့ နံနက်ပိုင်းက အေးချမ်းပျော်ရွှင်စွာဖျော်ဖြေကပြသီဆိုကာ ရေပက်ကစားခဲ့ကြသည်။
ရွှေသောင်ယံကမ်းခြေတွင် သင်္ကြန်တွင်း လာရောက်လည်ပတ်သော ဧည့်သည်များ ခါတိုင်းနှစ်များထက် စည်ကား
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံကမ်းခြေတွင် သင်္ကြန်တွင်း လာရောက်လည်ပတ်သူများ ခါတိုင်းနှစ်များထက် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
လပွတ္တာမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကျနေ့၌ အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းရှိဗဟိုမဏ္ဍပ်နှင့် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။