သတင်းများ

မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်(ပြင်ဦးလွင်)သို့  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ခရီးသွားပြည်သူများ စည်ကားစွာ လာရောက်လည်ပတ် 
Apr 15,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်နှင့် ဒီဇင်ဘာအပန်းဖြေဉယျာဉ်စခန်းတို့တွင် နှစ်သစ်ကိုကြိုဆိုရင်း  ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် လာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြသည်။  
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အကျနေ့ ဖျော်ဖြေတင်ဆက်နေမှုများ ကြည့်ရှုအားပေး
Apr 15,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် အကျနေ့တွင်  ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဧပြီလ ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်နှင့် မွန်မင်းလမ်းအပန်းဖြေ နားနေစခန်းမဏ္ဍပ်တို့တွင် ယိမ်းအကများနှင့် တေးသီချင်းများ သီဆိုနေမှုများကို ကြည့်ရှု့အားပေးခဲ့သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင်၊ မြန်မ့ာရိုးရာယဥ်ကျေး မှုမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့၌ ပြည်သူများအေး ချမ်းပျော်ရွှင်စွာရေကစား
Apr 15,2023
မြန့်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာနှစ်သစ်မှစတင်ကာ အေးချမ်းမှုကိုရရှိစေရန်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင်ထိန်းသိမ်းရန်နှင့် ပြည်သူများတစ်နှစ်ပတ်လုံး အေးချမ်း‌ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲတော် ယနေ့သင်္ကြန်အကျ‌နေ့ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ဖွင့်လှစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားကြကြောင်း သိရသည်။
ချောင်းသာကမ်းခြေ၌ မဟာသင်္ကြန်ကာလ လာရောက်အပန်းဖြေသူများ စည်ကားများပြား
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိပြီး ချောင်းသာကမ်းခြေတွင် အပန်းဖြေသူများ​ဖြင့် စည်ကားများပြားနေကြောင်း သိရသည်။
ဘားအံမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ရေကစားသူများဖြင့် စည်ကား
Apr 15,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့တွင် ဘားအံမြို့ပေါ်ရှိ ပြည်နယ်အဆင့်ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
မဟာသင်္ကြန်ပွဲတော်အကျနေ့ ဟင်္သာတခရိုင်ဗဟိုရေကစားမဏ္ဍပ်၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစား
Apr 15,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများအေးချမ်း‌ ပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာရေကစားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်ကို ဧပြီ ၁၃ ရက်နေ့မှစတင်ပြီး ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ သင်္ကြန်အကျနေ့၌ ပြည်သူများပျော်ရွှင်အေးချမ်းစွာ ရေကစားလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် အကျနေ့ဗဟိုမဏ္ဍပ်ရှေ့နှင့် မြို့ပေါ်ရပ်ကွက်များ၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 15,2023
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ရှေ့တွင်အကျနေ့၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက် ရှိကြသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း မဟာဗန္ဓုလလမ်းပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲ
Apr 15,2023
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဧပြီ ၁၄ရက်(ယနေ့-သင်္ကြန်အကျနေ့)နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင် များ၏ဖျော်ဖြေတင်ဆက်နေမှုများကိုကြည့်ရှု့အားပေးပြီး မဟာဗန္ဓုလပန်းခြံလမ်းရှိကျင်းပလျက်ရှိသည့် လမ်းလျှောက်သင်္ကြန်တွင်ပါဝင်ဆင်နွှဲခဲ့သည်။