သတင်းများ

မဟာသင်္ကြန်(အကျနေ့) ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Apr 15,2023
မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်(အကျနေ့) ဧပြီ ၁၄ ရက် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း ကုသိုလ်ပြုခြင်းများဆောင်ရွက်
Apr 15,2023
မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ်မဟာအတာသင်္ကြန်ပွဲတော် အကျနေ့၌ ပြည်သူများ ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့ဝင်များ ကပြဖျော်ဖြေမှုအားကြည့်ရှုအားပေး
Apr 15,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဗဟိုရေကစားမဏ္ဍပ်တွင် ၁၃၈၄ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ပွဲတော် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနေမှုနှင့် ယိမ်းအဖွဲ့ဝင်များ ကပြဖျော်ဖြေမှုတို့ကို ယမန်နေ့ မွန်းလွဲ  ၂:၃၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ယိမ်းအဖွဲ့ဝင်များမှ  ကြိုဆိုခဲ့ကြသည်။
ကန့်ဘလူမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 15,2023
မြန်မာတို့၏ရိုးရာယဥ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာမပျက် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဦးဆောင်ပြုကာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ဗဟိုမဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ကို ဗဟိုမဏ္ဍပ်၌ ပျော်ရွှင်စွာဆင်နွဲ
Apr 15,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အကျနေ့)ကို ဧပြီ ၁၄ ရက်နေ့ မွန်းတည့်(၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများ အပြင် DJ အတီးအကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနရေသဘင်မဏ္ဍပ်များအား လိုက်လံကြည့်ရှုအားပေး
Apr 15,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက်  ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကျနေ့၌ လှိုင်ပိတောက်မေသင်္ကြန်မဏ္ဍပ်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိ
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃ ခုနှစ်)၊ မြန်မာ့ရိုးရာ အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် အတာသင်္ကြန်ပွဲတော် အကျနေ့ကို  ၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက် ရှိသည်။
ကော့သောင်းမြို့၊ မဟာသင်္ကြန်အကျနေ့ မြို့နေပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားအပန်းဖြေ
Apr 15,2023
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယနေ့မဟာသင်္ကြန်အကျနေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားကြပြီး မြို့၏အထင်ကရနေရာများတွင် အနားယူအပန်းဖြေသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်မြို့နယ်ဗဟိုမဏ္ဍပ်တွင် နံနက်ပိုင်းမှစတင်၍ နိုင်ငံကျော်တေးသံရှင်များနှင့်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအစီအစဉ်များသို့ လာရောက်ကြည့်ရှုအားပေးကြသည့် လူငယ်လူရွယ်များ လွတ်လပ်ပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲပျော်ရွှင်စွာဆင်နွှဲကြသည်ကို တွေ့မြင်ရသည်။