သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် သင်္ကြန်ရက်အတွင်း ဘုရားဖူးလာရောက်မှုများပြား
Apr 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာအုပ်စုရှိ ပုပ္ပားတောင်ကလပ်တွင် သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်ကြောင့် ဘုရားဖူးများ လာရောက်မှုများပြားလျက်ရှိပြီး၊ ဒေသခံဈေးသည်များလည်း ရောင်းဝယ်မှုလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်၌ မဟာသင်္ကြန် အကျနေ့တွင် အေးချမ်းပျော်ရွှင်စွာ ရေကစား
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်၌ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှစတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။
မုဒုံမြို့နယ်၌ မဟာသင်္ကြန်အကျနေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားသူများဖြင့်စည်ကား
Apr 15,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော် မဟာသင်္ကြန်အကျနေ့တွင် ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ရေကစားကြသည်။
ပြင်ဦးလွင်မြို့ရှိ   မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ စည်ကား
Apr 15,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရပ်ကွက်ကြီး(၆)၊ အမျိုးသားကန်တော်ကြီးဉယျာဉ်အနီး၌ ရေသဘင်မဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် ထည့်သွင်းကျင်းပလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ခရီးသွားပြည်သူများနှင့်ဒေသခံပြည်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်အကျနေ့(ပထမနေ့)၌ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကား
Apr 15,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကျနေ့ နံနက် ၉ နာရီမှစ၍  ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်(အကျနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မဟာသင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်များသို့ လှည့်လည်အားပေး
Apr 15,2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ (သင်္ကြန်အကျနေ့ )၌ ၁၃၈၄ခု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ရေသဘင်ပွဲတော်ကို မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်အသီးသီး၌ ပြည်သူများအေးချမ်းပျော်ရွင်စွာဖြင့် ဆက်လက်ကျင်းပနေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက် အားပေးခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ သင်္ကြန်အကျနေ့တွင် အတာရေပက်ကစားသူများဖြင့် စည်ကား
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်က စည်ကားသိုက်မြိုက်စွာဆင်နွှဲခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့တွင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများ၊ သင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအကများ၊ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ထားဝယ်မြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် သင်္ကြန်အကျနေ့ကို အေးချမ်းပျှော်ရွှင်စွာပါဝင်ဆင်နွှဲ 
Apr 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကိုအေးချမ်း ပျော်ရွှင်စွာဖြင့် ဒေသအတွင်း မှပြည်သူများပါဝင်ဆင်နွှဲလျက်ရှိပြီး ယမန်နေ့သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာသင်္ကြန်မဏ္ဍပ်၊ တပ်နယ်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ဧည့်ခံဖျော်ဖြေမှုများအပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများ ဖြင့်ဧည့်ခံကျွေးမွေးမှုများနှင့်စည်းကားလျက်ရှိသည်။