သတင်းများ

မုံရွာမြို့မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့ ဖျော်ဖြေတင်ဆက်မှုများအား ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Apr 15,2023
၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း ကန်သာယာတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ဧပြီလ ၁၄ ရက် မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊  မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် သင်္ကြန်ပွဲတော် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ  ပြည်သူများစိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေတွင် သင်္ကြန်အကျနေ့၌ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ
Apr 15,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကျနေ့ ယမန်နေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်အကျနေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းဖြင့်စည်ကား
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် အကျနေ့ဖြစ်သည့် ယမန်နေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားလျက်ရှိကြကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် လူဦးရေနှစ်သိန်းကျော်ထိရှိနေ
Apr 15,2023
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်တွင်းရုံးပိတ်ရက်ကာလအတွင်း ဘုရားဖူးလာရောက်သူနှစ်သိန်းကျော်ထိလာရောက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ဒလမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ရေကစားသူများဖြင့် အထူးစည်းကား
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့) ဧပြီလ ၁၄ ရက်နေ့တွင် ဗဟိုမဏ္ဍပ်၌ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပန်လုံမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီ ခွဲအချိန်က ပန်လုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဝိဟန်ပန်(ယွန်း)ကျောင်း ပရဝုဏ်အတွင်း ပြုလုပ်ရာ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူးနှင့် မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ယိမ်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
တနိုင်းမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
Apr 14,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီက မြို့နယ်စည်ပင်သာယာဈေးရှေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။